Friday, January 6, 2017

MTK Charging for all

MTK ဖုန်းများအတွက် chargingပတ် လမ်း အလုပ်လုပ်ပုံ
         Charging Ic အားရှာလိုသော် Charging  Ic beside R200. R200၏ဘေးတွင် ရှိသော Ic သည် Charging Ic ဖြစ်သည်။ ပုံမှန် အားဖြင့် MTK charging ပိုင်းတွင် 6pin transistor သို့ 5v charging ငုပ်မှ တိုက်ရိုက်ပေးထား၏။Battery အပေါင်းမှ R200(0.2 ohm)ခံ၍ 6pin PNP transistor၏ Cလေးခုပေါင်းသို့ ပေးထား၏။6 pin Transistor အလုပ်လုပ်စေရန် Bသို့အနုတ် voltသက် ရောက်ရမည်။ ထို့ကြောင့် Bသို့ +4.5V (-0.5V)သက်ရောက်သောအခါ EမှC သို့ စီးဆင်း၍ အားသွင်းခြင်း အလုပ်ကိုလုပ်ဆောင်သည်။(မှတ်ချက် B ကို+4.5 သက်ရောက်ခြင်းသည် Bကို -0.5 ရောက်သည်ဟု မှတ်ယူရပါမည်။MTK ဖုန်း တလုံးအား sign ပြပုံမှာ charging ငုပ်အဝင်5V မှ 104(100k) R နှင့်ချိတ်ဆက်၍ 333(33K)R ခံ၍Gnd ချပြီး voltage divider bias အဖြစ် တည်ဆောက်၍ pmu(power Ic) သို့ 0.5v နီးပါး ချိန်၍ Charging Detect အနေဖြင့်Volt တခု ပေးသွင်းထား၏။ PMU မှ 0.5 V ရသောအခါ Charging Detect out အနေဖြင့် 3pin FET transistor ၏Sသို့ 2V ထွက်လာပြီး အား sign ပြသော အလုပ်ကို စတင်လုပ်ဆောင် သည်။ FET transistor ၏ Gကို power Icမှ low drop out (LDO) အနေဖြင့် ထိန်းချုပ်မောင်းနှင်သည်။ LDO အား R200 ထိပ်စွန်းနှစ်ဘက် volt ကွာခြားမှု အား အခြေခံ၍ differential လိုင်းမှ Ampere
(I sense) ထိန်းချုပ်၍ LDO ကို Batteryအခြေအနေ ပေါ် လိုက်၍ ပြောင်းလဲထိန်း ချုပ်ပေးသည်။
                   နောက် ရက်များတွင် MTK charging ၏ပစ်ချက်များ စဉ်းစားပုံများအား ဆက်လက် တင်ပြ သွားပါမည် ။ မိမိ နှစ်သက်ရာ post များသို့ 5စက္ကန့် စောင့်၍ skip နှိပ်ခြင်းဖြင့် ဝင်ရောက်လေ့လာနိုင်ပါ သည်။


mobilenetwork အကြောင်းလေ့လာရန်  
ampere ကြည့်၍ ဆုံးဖြတ်ခြင်း
power Ic စတင်အလုပ်လုပ်ပုံ   
charging ငုပ်အကြောင်းသိကောင်းစရာ
Resistorအသုံးပြုအမျိုးမျိုးလေ့လာရန်
Resistor တည်ဆောက်ပုံအားလေ့လာရန်
  "Rsesistor တန်ဖိုးဖတ်ခြင်းအားလေ့လာရန်"
 Resistor တိုင်းတာခြင်း လေ့လာရန်
 LED Diode အကြောင်းလေ့လာရန်   
ESD diode အားအခြေခံ၍ဖောက်ထွင်းသိမြင်ခြင်း
Photo Diode အကြောင်းလေ့လာရန်
 sckottky diode အကြောင်းလေ့လာရန်
 Zener Diode အကြောင်းလေ့လာရန်
 ESD diode အကြောင်းလေ့လာရန်
  Diode အကြောင်းသိကောင်းစရာ  

2 comments:

  1. ဖုန်းက ပါဝါ ခနခန ပိတ်သွားတယ် Battery အသစ်ထည့်လည်း နှစ်ရက်လောက်ဘဲခံတယ် ဘာ error ဖြစ်နိင်မလည်းဆရာ

    ReplyDelete