Friday, January 13, 2017

Charging မရခြင်း အတွက်စဉ်းစားပုံ အဆင့်ဆင့်

MTK charging circuit how to work

Charging မရခြင်းအတွက်စဉ်းစားပုံ အဆင့်ဆင့်
ပထမဦးစွာ Charging မရခြင်းအတွက် 6pin transistor၏ E တွင်5v ရှိမရှိစစ် ဆေးရန်။ Eတွင် 5V ရှိမရှိစစ်ဆေးခြင်း သည် charging ခေါင်းကောင်းမကောင်း ပတ်လမ်းမိမမိ စစ်ဆေးခြင်း ဖြစ်သည်။ E တွင် 5V ရှိပါက 3pin Fet transistor ၏Sတွင် 2v ရှိမရှိစစ်ဆေးရမည်။ Sတွင် 2v ရှိမရှိ စစ်ဆေးခြင်းသည် power Ic ကောင်းမကောင်း ခဲလွတ်မလွတ် စစ်ဆေး ခြင်းဖြစ်သည်။ 3pin Fet transistor တွင် 2V မဖြစ်ဘဲ 5v ဖြစ်နေသော် power Ic ခဲလွတ်ခြင်းကြောင့် ဖြစ်သည်။ power Ic ခဲလွတ်ပါက Gတွင်5v ဖြစ်၍ Sတွင်လဲ 5V ဖြစ်နေလိမ့်မည်။ Gတွင်ဖြစ် ရမည့် 2.7 V သည် Sတွင် Gnd မရှိသော ကြောင့် Gနှင့် Sသည် 5vဖြစ်နေပေလိမ့် မည်။ အားအဝင် sign ပြခြင်းအား 104 (100k) Resistor နှင့် 333(33k) Resistor တို့က လုပ်ဆောင်သည်။ အား sign ပြ၍အားမဝင်သော် 3 pin Fet ၏G အား 2.7vရှိမရှိစစ်ရန် မရှိပါက Gate ဖွင့် Rလွတ်နေခြင်းဖြစ်သည်။ Gတွင် 2.7vရှိပါ က R200 နှစ်ဘက်လုံးတွင် 4.2v ရှိမရှိ စစ်ရန် Rတဘက်တွင်ရှိ၍ တဘက်တွင်မ ရှိသော် R200 ခဲလွတ်ခြင်း သို့မဟုတ် ပျက်ခြင်းဖြစ်နိုင်သည်။ battery အလယ် ငုတ်(Bsi bus of signal inductor ) လွတ်ပါက battery ရာခိုင်နှုန်း မမှန်ခြင်း သို့မဟုတ် battery Temperature is too high or too low ပြခြင်း သို့မဟုတ်
plug in plug out charging ဟူ၍ပြ လေ့ရှိသည်။battery အလယ်ငုတ်သွား သောလမ်းကြောင်းအား စစ်ရန်။ battery အလယ်ငုတ် လမ်းကြောင်းကောင်းပါက power Ic (pmu) လဲရန်။PMU လဲရန် သည်ဖော်ပြပါ အားလုံး စစ်ဆေးပြီးမှသာလဲ ၍စမ်းကြည့်သင့်ပါသည်။
အောက်ဖော်ပြပါ အကြောင်းအရာများအား 5စက္ကန့် စောင့်၍ skip နှိပ်ခြင်းဖြင့် လေ့လာနိုင်ပါသည်။
Diode အကြောင်းသိကောင်းစရာ
 ESD diode အကြောင်းလေ့လာရန်
Zener Diode အကြောင်းလေ့လာရန်
sckottky diode အကြောင်းလေ့လာရန်
Photo Diode အကြောင်းလေ့လာရန်
 ESD diode အားအခြေခံ၍ဖောက်ထွင်းသိမြင်ခြင်း
 LED Diode အကြောင်းလေ့လာရန်
  mobilenetwork အကြောင်းလေ့လာရန်
 ampere ကြည့်၍ ဆုံးဖြတ်ခြင်း
 power Ic စတင်အလုပ်လုပ်ပုံ
  SMD Rework station လေ့လာရန်
  MTK Charging အကြောင်းအား လေ့လာရန်
  charging ငုပ်အကြောင်းသိကောင်းစရာ
 Resistorအသုံးပြုအမျိုးမျိုးလေ့လာရန်
 Resistor တည်ဆောက်ပုံအားလေ့လာရန်
 "Rsaesistor တန်ဖိုးဖတ်ခြင်းအားလေ့လာရန်"
 Resistor တိုင်းတာခြင်း လေ့လာရန်  

No comments:

Post a Comment