Tuesday, February 14, 2017

PMU အထွက် short အားလေ့လာခြင်း

PMU အထွက်ပိုင်းအားလေ့လာပုံ

        PMU အထွက် short အားလေ့လာခြင်း
PMUအထွက် short အားလေ့လာမည်ဆိုပါက ဖုန်းတလုံး စက်နိုး ပုံအဆင့်ဆင့်နှင် Ampere စားပုံ အဆင့်ဆင့်အား ထပ်မံတင်ပြရ ပါမည်။ ဖုန်းတလုံး စက်နိုးပုံမှာ အကြမ်းအားဖြင့် အဆင့်သုံးဆင့်ပြ ၍စက်နိုးလေ့ရှိသည်။ ပထမ အဆင့်သည် Pmu စတင်၍ ဒုတိယ အဆင့်သည် Cpu ထို့နောက်Emmc နိုး၍ ကျန်သောအစိတ်အ ပိုင်း အားလုံးအလုပ်လုပ်စေရန် Cpu၍ ချိတ်ဆက် detect volt များထုတ်လွတ်ပေးသည်။ Pmu နိုးလျင်အကြမ်းအားဖြင့် .04A , Cpu နိုးလျင်.09A . Emmcနိုးလျင်.15A စသည်ဖြင့်ပြလေ့ရှိ သည်။ ဖုန်းတလုံး power onသော် .2A မှစ၍ စက်နိုးခြင်းသည် power Ic အထွက်တွင် တခုခု short ဖြစ်သည်ဟု သိရ၏။ ပုံမှန်အားဖြင့် .2A မှစ၍ စနိုးသော် Logo လည်ခြင်း / Firmware တင်၍မရခြင်း / Touch မရခြင်း/ sleep mode error ဖြစ်ခြင်း စသည့် ဖြင့် တခုမဟုတ် တခု ပျက်လေ့ ရှိသည်။ ထိုကဲ့သို့ ပျက်ခြင်းတွင် ပြုပြင်သော် pmu အထွက် ကွိုင်များအား ပထမဦးစွာ Gnd value တိုင်းပါ ။ တန်ဖိုးအနည်းဆုံးအား ချွတ်၍ စက်ပြန်နိုးပါ။ short လွတ်ပါက short ကျနေသောအထွက် ကွိုင်မှ 1.2V ပေး၍ ပူသော Cသော်၎င်း Ic သော်၎င်း ရှာ၍လဲပါ။ 1.2v ပေးခြင်းသည် power Ic တွင် အနည်းဆုံးvolt တန်ဖိုးမှာ 1.2V ဖြစ်သောကြောင့်ဖြစ်သည်။
အောက်ဖေါ်ပြပါ အကြောင်းအရာများ အား5စက္ကန့် စောင့်၍ skip နှိပ်ခြင်းဖြင့် ဝင်ရောက် လေ့လာနိုင် ပါသည်။

 Charging မရခြင်း အတွက်စဉ်းစားပုံ အဆင့်ဆင့်"
  mobilenetwork အကြောင်းလေ့လာရန် 
 ampere ကြည့်၍ ဆုံးဖြတ်ခြင်း  
 power Ic စတင်အလုပ်လုပ်ပုံ  
 SMD Rework station လေ့လာရန်  
 MTK Charging အကြောင်းအား လေ့လာရန် 
 charging ငုပ်အကြောင်းသိကောင်းစရာ 
 Resistorအသုံးပြုအမျိုးမျိုးလေ့လာရန 
 Resistor တည်ဆောက်ပုံအားလေ့လာရန်  
 "Rsesistor တန်ဖိုးဖတ်ခြင်းအားလေ့လာရန်"  
 Resistor တိုင်းတာခြင်း လေ့လာရန်  
 LED Diode အကြောင်းလေ့လာရန်  
 ESD diode အားအခြေခံ၍ဖောက်ထွင်းသိမြင်ခြင်း
  Photo Diode အကြောင်းလေ့လာရန်  
 sckottky diode အကြောင်းလေ့လာရန်  
 Zener Diode အကြောင်းလေ့လာရန်  
 ESD diode အကြောင်းလေ့လာရန် 
 Diode အကြောင်းသိကောင်းစရာ  


No comments:

Post a Comment