Sunday, January 22, 2017

Vbatt လမ်းကြောင်းနှင့် Vph လမ်းကြောင်း အားဆင်ခြင် သုံးသပ်ပုံ

Vbatt လမ်းကြောင်းနှင့် Vph လမ်းကြောင်း လေ့လာပုံ


    Vbatt လမ်းကြောင်းနှင့် Vph လမ်းကြောင်းအား ဆင်ခြင်သုံးသပ်ပုံ 
Phone တလုံးတွင် Vbatt လမ်းကြောင်း နှင့် Vph လမ်းကြောင်းဟူ၍ နှစ်မျိုးရှိ သည်။ Huawei အနိမ့်ဖုန်းများ power Ic Pm 8029 သုံးသော ဖုန်းများတွင် Vbatt လမ်းကြောင်းတိုက်ရိုက်ပေးသော အပိုင်းများမှာ ---
                1.Mobile network
                2.Wifi . BT , FM , GPS လေးခုပါဝင်သောIc (မှန်ကဲ့သို့Ic )
အားVbatt လမ်းကြောင်းမှ တိုက်ရိုက်ပေး၏။
Vph လမ်းကြောင်းမှ ပေးသောအပိုင်း ( Fet ၏ Sမှပေးသောအပိုင်း) မှာ
                1.power Ic
                2.Backlight
                3.Charger  ဟူ၍ပေးသွင်းလေ့ရှိပါသည်။
ခြွင်းချက်-------- C8813 တွင် Flash light ပတ်လမ်းသို့ Vph မှပေးသွင်းသည်။
Vbatt နှင့် Vph တို့၏လမ်းကြောင်းကို သိခြင်းအားဖြင့် အရမ်းခက်ခဲသော ပစ်ချက်များတွင် လွန်စွာ အထောက်ကူပြုသည်။ ဥပမာ( battery မခံသော ပစ်ချက် ) Battery မခံသောပစ်ချက်သည် စက်ပြင်ဆရာများ ဒူးတုန်ရသော ပစ်ချက်ဖြစ်သည်။ (ကျွန်တော်၏ခံစားချက်ပါ။) စက်သေလျှင် လျော်ရမည် ဖြစ်သည်။ ကောင်းလျင်ဈေးမရပါ။ Battery မခံသော Phone တလုံးတွင် Power supply ချိတ်ပါက(.o2A )အနည်းငယ် Ampere ပြ၍ ပူသောအရာရှာ၍ မရပါ။ ဘယ်အပိုင်းစစ် ရမည်မသိ ရမ်းတုတ် ရပါမည်။ စက်ပြင်ဆရာသည် တပြားလုံးနီး ပါးခဲငွေ့ ရိုက်၍ ရှာလိမ့်မည်။ မလွယ်ကူပါ။ ပူသော Ic ရှာ၍မရသော် Fet Transistor အားချွတ်၍ power supply ပြန်ချိတ်၍ စမ်းပါ။ Short လွတ်ပါက Power Icပိုင်း  /  Backlight ပိုင်း နှင့် Charger ပိုင်း စစ်ရန်ဖြစ်သည်။ FET Transistor ချွတ်၍ short မလွတ်သော် Mobile network နှင့် Wifi ပိုင်းသာ စစ်ရမည်။ ပျက်မည်ထင်သော အပိုင်းအား ခဲငွေ့ရိုက်ရှာပါ။ ယ္ခု ဖော်ပြခြင်းသည် Pm8029 Ic သုံးသော စက်ပြားသာလျင် အကျွမ်းဝင်သည်။

5စက္ကန့်စောင့်၍ skip နှိပ်ခြင်းဖြင့် မိမိနှစ်သက်ရာ post များကိုကြည့်ရှုနိုင်ပါသည်။

                                                                           Battery Charging ငုပ်အကြောင်းသိကောင်းစရာ"
"Resistor အကြောင်းသိကောင်းစရာ နှင့်   အသုံးပြုပုံအမျိုး"  
 "Resistor ပြုလုပ်ထားပုံနှင့် ပျက်ခြင်းအကြောင်း"
"Resistor တိုင်းတာခြင်း"  
 "Rsesistor တန်ဖိုးဖတ်ခြင်း"  
"Diode အကြောင်းသိကောင်းစရာ"  
"Zener diode အလုပ်လုပ်ပုံ"  
"Photo Diode"  
"LED diode"  
"ESD Diode (Electrostatic Discharge Diode)"  
"ESD diode အားအခြေခံ၍ ထိုးထွင်း သိမြင်ခြင်း စဉ်းစားပုံ အဆင့်ဆင့်"  
"Sckottky Diode"
"SMD Rework station"
"Power Ic စတင်အလုပ်လုပ်ပုံ"
"Ampere ကြည့်၍ ဆုံးဖြတ်ခြင်း"  
"Mobilenetwork အကြောင်းအားလေ့လာရန်"
"Vbatt လမ်းကြောင်းနှင့် Vph တို့၏လမ်းကြောင်းအားလေ့လာခြင်း"  


No comments:

Post a Comment