Thursday, January 19, 2017

Vbatt လမ်းကြောင်းနှင့် Vph တို့၏လမ်းကြောင်းအားလေ့လာခြင်း

Vph နှင့် Vbatt လမ်းကြောင်း

VPH လမ်းကြောင်းနှင့် Vbatt လမ်းကြောင်းအတွက် စဉ်းစားပုံအဆင့်ဆင့်
V= volt
PH= phone
batt=battery
ဖုန်းတလုံး power ပေးပုံမှာ  battery တိုက်ရိုက်ပေးခြင်းနှင့်  FET transistor တဆင့်ခံ ၍ပေးခြင်းဟူ၍ နှစ်မျိုးရှိသည်။ Battery တိုက်ရိုက်ရောက်သော လမ်း ကြောင်းအား V batt လမ်းကြောင်း ဟုသတ်မှတ်၍ FET transistor မှထွက် သောလမ်းကြောင်းအား VPH လမ်းကြောင်းဟူ၍ သတ်မှတ်သည်။ ဖုန်းတလုံးတွင် VBATT လမ်းကြောင်းShort ကျခြင်းတွင် Condenser ပျက်သော် 0.2 ohm to  2 ohm ထိ shortကျ၍ပျက်လေ့ ရှိသည်။ analog meter တာ ×1 စကေး ဖြင့် တိုင်းခြင်းအား ဆိုလိုသည်။ VPH လမ်းကြောင်းတွင် short ကျခြင်းတွင် 5 ohm to 10 ohm ထိ short ကျ၍ပျက်လေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် FET transistor ၏Dနှင့် Sတွင် Diode ပါဝင်မှုကြောင့် Diode ၏တန်ဖိုးအားပြ ခြင်းဖြစ်ပါသည်။ VBATT လမ်းကြောင်း Short ကျခြင်းတွင် Power supply 5A ဖြင့် စမ်းသော် ပျက်သော C တိုက်ရိုက်ပူလာမည်။ VPH လမ်းကြောင်း short ကျခြင်းတွင် 5A power supply ဖြင့် စမ်းသော် FET transistor ပူလာမည်။


5စက္ကန့်စောင့်၍ skip နှိပ်ခြင်းဖြင့် မိမိနှစ်သက်ရာ post များကိုကြည့်ရှုနိုင်ပါသည်။
                                                                            
                                                                            "Mobilenetwork အကြောင်းအားလေ့လာရန်"   
"Ampere ကြည့်၍ ဆုံးဖြတ်ခြင်း"  
  "Power Ic စတင်အလုပ်လုပ်ပုံ"  
 "SMD Rework station"  
 "Sckottky Diode"  
  "ESD diode အားအခြေခံ၍ ထိုးထွင်း သိမြင်ခြင်း စဉ်းစားပုံ အဆင့်ဆင့်"  
  "ESD Diode (Electrostatic Discharge Diode)"  
 "LED diode"  
  "Photo Diode"  
 "Zener diode အလုပ်လုပ်ပုံ"  
 "Diode အကြောင်းသိကောင်းစရာ"  
  "Rsesistor တန်ဖိုးဖတ်ခြင်း"  
  "Resistor တိုင်းတာခြင်း"  
  "Resistor ပြုလုပ်ထားပုံနှင့် ပျက်ခြင်းအကြောင်း"   "Resistor အကြောင်းသိကောင်းစရာ နှင့် အသုံးပြုပုံအမျိုး"   "Battery Charging ငုပ်အကြောင်းသိကောင်းစရာ"  


No comments:

Post a Comment