Wednesday, December 28, 2016

Power Ic စတင်အလုပ်လုပ်ပုံ

    power Ic စတင်အလုပ်လုပ်ပုံ နှင့် voltတခုခြင်း စီသက်ရောက်ပုံများ မိမိစဉ်းစား၍ တွေးခေါ်ခြင်းဖြစ် ပါသည်။ လေ့လာသူတို့အဆင်ပြေစေရန်ဖော်ပြ ခြင်းဖြစ်ပါသည်။ အမှားအယွင်းရှိပါက --------------Request

ပုံမှန်အားဖြင့် လေ့လာသူတို့ နားလည်စေရန် C8812အား အခြေခံ၍တင်ပြ သွားပါမည်။  Battery အပေါင်းသည်  Protection diode( or ) Zener diode မှတဆင့် main filter condenser သို့ပေးထား၏ ။main.filter မှတဆင့် Fet transistor ၏ D သို့ ပေးထား၏။ FET transistor၏ S မှတဆင့်  power Ic (pmu) နှင့် ချိတ်ဆက်ထား၏ ။ power Ic (pmu) သို့ volt ရောက်သောအခါ  power နိုးရန် အတွက် power ခလုတ် သို့ 1.2V to 3.7v  ထွက်လာ၏။ power ခလုတ်အား စက္ကန့် 30 နှိပ်ခြင်းဖြင့် power နိုးရန် power crystal(32.678M) ၏ clock signal ကြောင့်1.2Vပထမလိုင်း စတင်ထွက် လာပြီး  Cpu နိုးရန် volt 1.2v ဒုတိယ လိုင်း  ထွက်လာ၏။ ထို့နောက် Emmc နိုးရန် 1.8V ထွက်လာ၏။ Emmc နိုးပြီး နောက် ကျန်သောအစိတ် အပိုင်းများ အလုပ်လုပ် ရန်2 V ကို power Ic မှ စတင် ထုတ်လွှတ်သည်။ 2V သည် Mobile network အလုပ်လုပ် ရန် RF Ic သို့ပေးသည်။ ထို့နောက် Backlight လင်းလာ၏။  Sim card  SD card ဖတ်ရန် 3.3V (searching voltage) ထွက်လာသည်။ ထို့ နောက်ကျန်အစိတ်အပိုင်းများ အလုပ်လုပ် ရန် Leniar Voltage 19 လိုင်း ထွက်လာသည်။ 
ယ္ခုဖော်ပြခြင်းသည် ------ ------
1.2v ပျောက်ပါက Cpu ပျက်သည်ဟု ယူဆပုံဖြစ်ပါသည်။
2 v ပျောက်ခြင်းသည် Emmc ပျက်သည်ဟု ယူဆပုံ ဖြစ်ပါသည်။ 5 စက္ကန့်စောင့်၍ မိမိနှစ်သက်ရာသို့ လေ့လာနိုင်ပါသည်။
ESD diode အကြောင်းလေ့လာရန် 
 Resistor တိုင်းတာခြင်း  
 Resistor တည်ဆောက်ပုံအားလေ့လာရန်   charging ငုပ်အကြောင်းသိကောင်းစရာ   Resistorအသုံးပြုအမျိုးမျိုး   
sckottky diode အကြောင်းလေ့လာရန်  
 ESD diode အားအခြေခံ၍ဖောက်ထွင်းသိမြင်ခြင်း 


No comments:

Post a Comment